Welcome to JAPAN Pharmacy, Mandalay, which's launched since 8.8.2001 (၁၃၆၃ ဒုတိယဝါဆိုလဆန်း(၄)ရက် တွင်ဖွင့်လှစ်ခဲ့သည့် နှစ် ၂၀ သက်တမ်းရှိ ဆေးဆိုင်မှကြိုဆိုပါသည်။)

                        UPCL Award for Good Pharmacy Practice

 

အိုအေစစ်ပမာမြင်ချင်တာ ( I SEE THE OASIS ) ISO

စိတ်ချမ်းသာစရာ ဆေးဆိုင်တစ်ဆိုင် ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆေးဆိုင် စဖွင့်ခဲ့တယ်။ ရိုးရိုးသာမန်ဆိုင်ဖွင့်မယ်ဆိုရင်တော့ လွယ်ကူတယ်။ အဆင့်မြင့် ဆေးဆိုင်အဖြစ်လုပ်ဖို့ကျ ခက်ခဲတယ်။ အဆင့်မြင့်ဆေးဆိုတာက ဆေးဝါးသိုလှောင်ထားမှု၊ ဆိုင်အခင်းအကျင်း၊ သတ်မှတ်စည်းကမ်းတွေလိုက်နာမှု ဒါတွေကို စနစ်တကလိုက်နာပြီး ဖွင့်နိုင်တဲ့ဆေးဆိုင်မျိုးကို ပြောတာပါ။ အကျယ်ချဲ့ပြောရရင် ကျွန်တော်တို့ရောင်းချနေတဲ့ဆေးတွေက ဓါတုဆေးဝါးတွေ၊ ဒီဆေးဝါးတွေကိုသတ်မှတ်ထားရှိရမယ့် အပူချိန်နဲ့အညီထားရှိဖို့၊ သက်တမ်းလွန်ဆေးဝါးတွေ မရောင်းချဖို့၊ ဆေးသိုလှောင်ထားရှိရာမှာ သန့်ရှင်းပြီးစနစ်တကျရှိဖို့ အဲ့ဒါမျိုးတွေကိုပြောတာပါ။ အထူးသဖြင့် ကာကွယ်ဆေးတွေဆို သတ်မှတ်ထားတဲ့ အပူချိန်အတိုင်းအတာထားနိုင်ဖို့အရေးကြီးတယ်။ အဲ့ဒီလိုမျိုးမှ မထားဘူးဆိုရင် ဆေးအာနိသင်ယုတ်လျော့မယ်။ ဆေးဝါးမှီဝဲသူ သုံးစွဲသူတွေအတွက် ထိရောက်တဲ့ဆေးအာနိသင်အစွမ်းမရနိုင်ဘူး။ စျေးရောင်းရပြီးရောဆိုပြီး လုပ်လို့မရဘူး။ ကိုယ်ချင်းစာစိတ်ထားကြည့်တယ်။ ငါဆိုလည်း ဒီလိုအာနိသင်ယုတ်လျော့တဲ့ ဆေးဝါးမျိုးသုံးမလား။ စျေးကြီးပေးဝယ်ရပြီးတော့ ဝေဒနာရှင်အတွက်နစ်နာမယ်။ ဒီလိုတော့ မဖြစ်စေရဘူး။ အမြတ်အစွန်းနည်းရင်နည်းပါစေ။ သတ်မှတ်စည်းမျဉ်းစည်းကမ်းထားသိုမှု၊ ဆေးသက်တမ်းတွေကို အလေးထားပြီး စနစ်တကျ အကုန်အကျခံပြီးလုပ်ခဲ့တယ်။ ဒီလိုလုပ်တဲ့အတွက် ကုန်ကျစရိတ်ကြီးတယ်။ စီးပွားရေးတွက်ချေမကိုက်ဘူး။ ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တာကို စံပြသဘောနဲ့ စိတ်ချကောင်းမွန်တဲ့ ဆေးဆိုင်ဖြစ်ရမယ်ဆိုပြီး ဖွင့်ခဲ့တာ။ ၂နှစ်လောက်ထိအတော်ရုန်းကန်ခဲ့ရတယ်။ ၂နှစ်ကျော်နောက်ပိုင်းမှ အဆင်ပြေရုံပဲရှိခဲ့တယ်။ အခုဆိုင်ဖွင့်တာ ၅နှစ်သက်တမ်းပြည့်ပြီ။ ဒီစံချိန်စံညွှန်းတွေအတိုင်း ဆက်လုပ်သွားမှာပါ။ ဒီနှစ် ၅နှစ်ပြည့်မြောက်မှာ GPP (Good Pharmacy Practice)ပြိုင်ပွဲမှာ ကျွန်တော့်ဆိုင်က ပထမဆုရတယ်။ မန္တလေးဂျပန်ဆေးဆိုင်က ဒုတိယဆုရတယ်။ ဒီလိုရခဲ့တာဟာ နိုင်ငံတကာ အဆင့်မီပြီးဆေးဆိုင်ကောင်းတွေရဲ့ ကျင့်ဝတ်နဲ့ လုပ်ဆောင်ချက်ကောင်းတာကြောင့်ပါ။ ဆုရခဲ့တဲ့အတွက်လည်းဝမ်းသာဂုဏ်ယူမိသလို ကျွန်တော်ရဲ့စေတနာထား ကိုယ်ချင်းစာစိတ်ထားပြီး ဆေးဆိုင်ရဲ့ ကျင့်ဝတ်နဲ့ ပြည့်စုံတာကြောင့်လို့လည်းယုံကြည်မိပါတယ်။ နောက်ပြီး ကျွန်တော်တို့ဆိုင်မှာ ဆေးဝယ်သူတွေကို အကြံဉာဏ်ပေးနိုင်ဖို့ ဆေးဝယ်သူတွေကို အကြံဉာဏ်ပေးနိုင်ဖို့ ဆရာဝန်တွေလည်း ခန့်ထားရှိပါတယ်။ ဆေးဝါးကျွမ်းကျင်ဘွဲ့ရတွေလည်းရှိပါတယ်။ ဆေးဆိုင်ကောင်းတွေရဲ့ ကျင့်ဝတ်နဲ့ အညီဆေးဝါးလာရောက်ဝယ်ယူသူတွေ စိတ်ချမ်းသာစရာ အာနိသင်မပျက်ဆေးစစ်ဆေးမှန်ရောင်းချရာ ဆေးဆိုင်အဖြစ် သိမြင်စေချင်တယ်။ ဒါကြောင့်မို့လည်း I See the OASIS ( I.S.O) လို့ဆိုင်အမည်ပေးထားတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၂၈-၁၂-၂၀၁၇ ရက်နေ့က ဆိုင်ဖွင့်လှစ်ခြင်း ၅နှစ်ပြည့် အခမ်းအနားမှာ ဆိုင်ပိုင်ရှင် ဦးဝင်းမောင်ဌေးရဲ့ နှုတ်ခွန်းဆက်ဆိုစကားများဖြစ်ပါတယ်။ မိတ်ဆွေအများဆေးဝါးများအလိုရှိတဲ့အခါ I.S.O ဆေးဆိုင်ရှိတယ်ဆိုတာ အသိပေးလိုက်ပါတယ်)

မင်းထက်ကျော် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ထုတ်ဝေသည့် “ဝိပါက” ကျန်းမာရေးနှင့် တိုင်းရင်းဆေးပညာဂျာနယ် အတွဲ (၁)၊ အမှတ်(၁၁) မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

2022 © Japan Pharmacy, Mandalay, Myanmar. All Rights Reserved. | free Themes by Agethemes | CM by K Network Web Services. | Back to Top