မင်္ဂလာပါ
Japan Pharmacy ကို မန္တလေးမြို့ မှာ ၈.၈.၂၀၀၁ မှစတင်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နှစ် ၂၀ သက်တမ်းရှိပြီ ဖြစ် ပါတယ်။
Japan Pharmacy ဟာဆိုရင် ရန်ကုန် နဲ့ မန္တလေးမြို့ရဲ့ နာမည်ကျော်ဆေးဆိုင်တွေဖြစ်တဲ့ GPP Pharmacy နဲ့ ISO Pharmacy တွေအနက်ပထမ ဦးဆုံး ဖွင့်လှစ်ခဲ့တဲ့ ဆိုင်လည်း ဖြစ်ပါတယ်။
ဆေးပစ္စည်း အရည်အသွေးစိတ်ချရမှု၊ ဆေးအမျိုးအစားစုံလင်မှု၊နိုင်ငံတကာအဆင့်အတန်းမီ ထိန်းသိမ်းထားသိုနိုင်မှုတွေကြောင့် နာမည်ကျော်တဲ့ မန္တလေးမြို့က နိုင်ငံတကာအဆင့်မီဆေးဆိုင် တစ်ခုပါ။
Japan Pharmacy ဟာ ( Good Pharmacy Practice ) ကိုလိုက်နာတဲ့ဆိုင်ဖြစ်ပြီး၊ ဆေး၀ယ်ယူသူ မိဘပြည်သူများအတွက် အရည်အသွေးမီ နိုင်ငံတကာစံချိန်စံညွှန်းမီတဲ့ ဆေးပစ္စည်းတွေကို ၀ယ်ယူသုံးစွဲနိုင်စေချင်တာဟာ Japan Pharmacy ရဲ့စေတနာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ကျွမ်းကျင်ပညာရှင် ဆရာဝန်များနဲ့ ( အခမဲ့ )စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးအမျိုးမျိုး ဆေးဝါးအမျိုးမျိုးကို လိုအပ်တဲ့အပူချိန် ထားသိုမှုတွေနဲ့ အဆင့်အတန်းမီစွာ ထိန်းသိမ်းသိုလှောင်ထားခြင်း၊ မိမိဝယ်ယူချင်တဲ့ ဆေးနဲ့ပတ်သက်ပြီး သိရှိလိုတာ မေးမြန်းချင်တာတွေအတွက်လည်း ဆေးဝါးပညာရှင်များနဲ့ ( အခမဲ့ )တိုက်ရိုက်မေးမြန်းဝယ်ယူနိုင်တဲ့ ဝန်ဆောင်မှုတွေလည်း ရှိပါတယ်။
ဒါကြောင့် ဆေးဆို အရည်အသွေးပြည့်၀မှ အာနိသင်ကောင်းမှ ဆိုတဲ့ ဆေး၀ယ်ယူသူ မိဘပြည်သူတွေအနေနဲ့ Japan Pharmacy ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။